Ministry of Education

ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနား

စစ်ကိုင်းတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ‌ေဘာလုံးပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားအား ၃-၃-၂၀၂၀ရက်နေ့ မွန်းလွဲ ၃:၀၀နာရီအချိန်တွင် စစ်ကိုင်းမြို့ အနှစ် (၇၀၀)ပြည့် အားကစားကွင်းတွင်ကျင်းပရာ စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့၊ စစ်ကိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ စစ်ကိုင်းမြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ စစ်ကိုင်းမြို့နယ် ဘောလုံးကစားသမားဟော‌င်းများအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။ အမျိုးသား ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဓာတုဗေဒအမျိုးသားအသင်းနှင့် သမိုင်းအမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားကြပါသည်။ ပြိုင်ပွဲတွင် သမိုင်းဘာသာရပ်အထူးပြု အမျိုးသားအသင်းမှ အမျိုးသားပထမ၊ မြန်မာစာဘာသာရပ်အထူးပြု အမျိုးသမီးအသင်းမှ အမျိုးသမီးပထမ အသီးသီးရရှိ၍ တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ပြီး စစ်ကိုင်း မြို့မိမြို့ဖအဖွဲ့မှ ပထမဆုများအား တစ်သိန်းကျပ်စီနှင့် ဒုတိယဆုများအား ငါးသောင်းကျပ်စီ ချီးမြှင့်ခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်